Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 18 Май 2026
на канале: Khit Thit Media
425,825
12k

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

မလေးရှားမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ ဒေါ်သူဇာမောင်ကို မြန်မာစစ်တပ်က မိသားစုလိုက် ဖမ်းဆီးရရှိပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ အကြမ်းဖက် စစ်တပ်ကသတင်းထုတ်ပြန်လာပါတယ်။

-မြန်မာအကြမ်းဖက် စစ်အုပ်စုက ပြည်သူတွေကို ငတ်မွတ်အောင်ထားရှိနေပြီး အညံ့ခံစေတဲ့နည်းလမ်းကို အသုံးပြုနေတဲ့အပေါ် နိုင်ငံ တကာက လက်ပိုက်ကြည့်မနေသင့်ဘူးလိူ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောပါတယ်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းညိုနှင့် နယ်ထိန်းရဲ လွင်းမိုးဦးက ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ဆီကို ရောင်းစားထားတဲ့ ကျေးရွာနေ ပြည်သူ ၂ ဦးဟာ တိုက်ပွဲမှာ သေဆုံးသွားပေမယ့်လည်း မိသားစုဆီကို အသိမပေးဘူးဆိုတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။