Khit Thit Morning News | May 20, 2026

Опубликовано: 02 Июнь 2026
на канале: Khit Thit Media
417,674
12k

Khit Thit သတင်းဌာန၏ မေ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာစစ်ကောင်စီရဲ့ အဆမတန်ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားတွေကို အကြမ်းဖက်နေမှုတွေကို ချက်ချင်းရပ်တန့်နိုင်ဖို့ အာဆီယံအနေနဲ့ အချိန်ကန့်သတ်ထားတဲ့ စံနှုန်းတွေနဲ့ ပြစ်ဒဏ်တွေကို ပြတ်ပြတ်သားသား ချမှတ်ဆောင်ရွက်သင့်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် မြက်ခင်းပြင်မှာ သမိုင်းဝင်ကျင်းပမယ့် “UFC Freedom 250” ပွဲမှာ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား UFC ချန်ပီယံ Joshua Van ပါဝင်တက်ရောက် မယ်လို့ UFC က ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ထွေ/အုပ်အဖွဲ့တွေ ပူးပေါင်းပြီး နေ့တိုင်း လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေသလို ဖမ်းမိတဲ့သူတွေထံက သိန်းရာချီငွေညှစ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဥရောပနိုင်ငံတွေက သူတို့ရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို ကိုယ်တိုင်မြှင့်တင်လာတာနဲ့အမျှ ရေရှည်မှာ “အမေရိကန်တပ်ဖွဲ့တွေကို တခြားနေရာတွေဆီ ပြောင်းရွှေ့တာမျိုးတွေ” ထပ်ပြီး ရှိလာနိုင်တယ်လို့ နေတိုး (NATO) ရဲ့ စစ်သေနာပတိချုပ်က မေ ၁၉ ရက်နေ့ မှာ ပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။