Khit Thit သတင်းဌာန၏ ဇွန် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 18 Март 2026
на канале: Khit Thit Media
627,088
19k

Khit Thit သတင်းဌာန၏ ဇွန် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားပြီလို့ အနီးကပ်ပြုစု စောင့်ရှောက်ပေးနေသူ စာရေး ဆရာ ထင်လင်းဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးမြို့၊ မန်းမြို့မစျေးအတွင်းက ဆယ်သန်း-ရွှေဆိုင်ကို မနေ့က ညနေပိုင်းမှာပဲ ဒုတိယအကြိမ် ဓားပြတိုက်မှုဖြစ် ပွားခဲ့ပြီး ရွှေထည်ပစ္စည်းနဲ့လက်ဝတ်ရတနာ စုစုပေါင်း ရွှေ ၄ ပိဿာကျော် ပါသွားတယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။

-ရှမ်းပြည်နယ် မြောက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်မှုတွေကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင်လိုက်တယ်လို့ TNLA က တရားဝင် ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။